ရန်ကုန် နိုဝင်ဘာ ၃၀
ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်အသင်းနှင့် ပူးပေါင်း၍ လူငယ်နှင့်နည်းပညာဆိုင်ရာ အသိပညာ မျှဝေခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်က အဆိုပါ ဒီဂရီကောလိပ်(ရန်ကုန်)၌ ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဦးက Youth and Technology ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း အတွင်းရေးမှူး ဦးဌေးလင်းက Youth and Information Security ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း မှ အလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါ်ချစ်အိမ်သူနှင့် ဒေါ်ပန်းအိဖြူတို့က Social Media Ethics ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသည်။
Post Paragraph
Paragraph Images