လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

ပင်လုံ ဇွန် ၂၂
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)တွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၃ ဇွန်လ ၂၂ ရက် နံနက် ၀၇:၀၀ နာရီအချိတွင် အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပသည်။ 
    သစ်ပင်စိုက်ပျိုးပွဲတွင်  လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ထွန်းမြင့်နိုင်၊  မြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဇော်လှိုင်ဆွေ၊ အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်တို့က အမှာစကား ပြောကြားကြသည်။
    အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ဌာနနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပိတောက် ၃၀ ပင်၊ ကျောက်ထင်းရှူး ၁၀ ပင်၊ ထောပတ် ၁၀၀ ပင်၊ ချယ်ရီ ၂၀၀ ပင်၊ ယူကလစ် ၁၄ ပင်၊ ရေသင်းဝင် ၁၄ ပင်နှင့် စွယ်တော် ၁၀ ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)