လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

ပူတာအို ဇွန် ၂၅
    နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပညာရေးနှင့်လေ့ကျင့်ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) တွင် ဝန်ကြီးဌာနညွှန်ကြားချက်နှင့်အညီ ကျောင်းဝန်းကျင် စိမ်းလန်းစိုပြေလာစေရေးအတွက် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ဇွန်လ ၂၂ ရက် နံနက် ၀၇:၀၀ နာရီအချိတွင် အဆိုပါ ကျောင်းဝန်း၌ ကျင်းပသည်။ 
    ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ် ဆရာကြီး ဦးသိန်းလှမောင်က ဒုတိယကျောင်းအုပ်နှင့် နည်းပြ ဒေါ်စွဲ့ရီရီမြင့်၊ ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ် ၂ ဦး တို့အား စိုက်ပျိုးမည့် အပင်များကို လွှဲပြောင်းပေးအပ်သည်။ 
    ထို့နောက်  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) ကျောင်းအုပ်ဆရာကြီး၏ ဦးဆောင်မှုဖြင့် ဒုတိယကျောင်းအုပ်နှင့် နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများက မန်ဂျန်ရှားပင် ၂၀၊ စိန်ပန်းပင် ၃၀၊ ပိန္နဲပင် ၁၀၊ ဂရိတ်ဖရုပင် ၄၀၊ ရေသင်းဝင်ပင် ၅၀၊ သစ်အယ်ပင် ၃၀၊ ထောပတ်ပင် ၅၀ စုစုပေါင်း အပင် ၂၃၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)