နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် မောက်မယ်-နမ့်လွတ်-ကဒူးလေးလမ်းပေါ်ရှိ နမ့်ယွန်းချောင်းကူးကွန်ကရစ်တံတားပေ ၁၂၀ (ယာဉ်သွားလမ်းအကျယ် ၁၄ ပေ) တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကွန်ကရစ်တံတား ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် လင်းခေးခရိုင်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ထောင်စု ၆၅၃ စု၊ လူဦးရေ ၂၄၅၃ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။