မိုးမောက်မြို့နယ်၌ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် ရိုးရာဆုတောင်းပွဲကျင်းပ

မိုးမောက် ဧပြီ ၅
    ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျရီ-ဒဂေါ်ကျေးရွာအဝင်လမ်းပေါ်တွင် ပေ ၄၀ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ဒေသခံတိုင်းရင်းသားများ၏ ကချင်ရိုးရာဓလေ့ ဆုတောင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၉၀ ဒသမ ၁၂၅ သန်းဖြင့် အဆိုပါ တံတားကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ယင်းတံတားကို မနောမြေချိုသီရိကုမ္ပဏီက တင်ဒါအောင်မြင်တည်ဆောက်ခဲ့ပြီး ကျရီ-ဒဂေါ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ လေးရွာ၊ အိမ်ထောင်စု ၂၈၂ စုတို့အတွက် အကျိုးပြုမည်ဖြစ်ကာ လှုမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph