မေလ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၂၇၇ ဒသမ ၅၅၉ သန်းဖြင့် မိုင်းရယ်မြို့နယ်၊ စလန်း - ပုန်းထွန်ကျေးရွာအုပ်စု အတွင်းရှိ နားယ - နားစောက် - ပိန်းကွေ့ ကျေးရွာချင်းဆက် မြေသားလမ်း ၁၀ မိုင်အနက် ကျောက်ချောလမ်း ၂ မိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား နယ်စပ်ဒေသနှင့် တိုင်းရင်း သား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူ များ ယနေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ သည်။
အဆိုပါ ကျေးရွာချင်းဆက် ကျောက်ချောလမ်းလုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက မိုင်းရယ်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူ များအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ယခင်က ထက် ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။