မက်မန်းမြို့နယ်၊ ဆွတ်ဝိုးကျေးရွာအုပ်စုအတွင်း ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်ပြီးစီး

စက်တင်ဘာလ      ရက်

          “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၃၅ ဒသမ ၇၅၅ သန်းဖြင့် ဆွတ်ဝိုးကျေးရွာအုပ်စု၊ နမ့်ကျွတ် (ပန်ဖိန်း) - ပန်ကောက် - ရောင်ပန် ကျေးရွာချင်းဆက်လမ်း ၁၂ မိုင် အနက် ၅ မိုင် ၄ ဖာလုံ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

          အဆိုပါ ကျေးရွာချင်းဆက်လမ်း ၁၂ မိုင်အား အပြီးသတ် ဖောက်လုပ်ပေးရန်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအား နှစ်စဉ်လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းဖောက်လုပ် ပြီးစီးပါက မက်မန်း၊ မိုင်းပျဉ်းမြို့နယ်များသို့ အချိန်တိုအတွင်း သွားလာနိုင်၍ ဒေသထွက်ကုန် များကိုလွယ်ကူ လျင်မြန်စွာ ကူးသန်းရောင်းဝယ်နိုင်တော့မည်ဖြစ်သဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများဝမ်းမြောက်လျက်ရှိကြောင်းသိရှိရသည်။