လေရှီး အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ လေရှီးမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးစီမံကိန်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (စတုတ္ထအကြိမ်) အိန္ဒိယနိုင်ငံထောက်ပံ့ရန်ပုံငွေကျပ် (၁၇၄၉၆၅) သန်းဖြင့် လေရှီးမြို့နယ် လေရှီး-ဆပ်ပြာ-ချယ်ရာ-အဝခေါင်လမ်းမပေါ်ရှိ ချယ်ရာချောင်းကူးတံတား (၇၀×၁၄) ပေ ဘေလီတံတား ဆောင်ရွက်ပြီးစီးမှုအခြေအနေအား အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦခင်မောင်လင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါတံတားကို ဟောလေးလံဝါးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တံတား၏ ခိုင်ခံ့မှုအရည်အသွေးစစ်ဆေးခြင်း၊ လိုအပ်သောလုပ်ငန်းများအား စစ်ဆေးလမ်းညွှန်မှုများ လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
၎င်းတံတားသည် မြို့နယ်အတွင်းရှိကျေးရွာ (၁၀)ရွာနေ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးမှာ ယခင်ကထက်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရှိရသည်။
ခဘိုး(လေရှီး)