နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၃) ကျောင်းအတွက် ကွန်ပျူတာ၊ ပရင်တာနှင့် မီးစက် (၃)စုံ ထောက်ပံ့ပေးအပ်

နန်းယွန်း အောက်တိုဘာ ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ နာယန်းကျေးရွာ၊ ဝပ်ထမ်းကျေးရွာနှင့် လုံလောင်းကျေးရွာများရှိ အခြေခံပညာ ကျောင်း(၃)ကျောင်းသို့ ကွန်ပျူတာ၊ ပရင်တာ၊ ဆက်စပ်ပစ္စည်းများနှင့် မီးစက်(၃)စုံအား ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်က မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်နှင့် သက်ဆိုင်ရာကျောင်းဆရာ၊ ဆရာမများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဟန်ကမ်း(ပြန်/ဆက်)