နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်း” (Education for Peace and Development – EPD) အား စီမံကိန်းအဆင့် ၃ ဆင့်ဖြင့် အမေရိကန် ဒေါ်လာ ၁၁ သန်းသုံးစွဲ၍ ရှမ်းပြည်နယ် (တောင်ပိုင်း/ မြောက်ပိုင်း) တို့တွင် စာသင်ကျောင်း ၃၀၂ ကျောင်း ဆောက်လုပ်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နာဂစ်မုန်တိုင်းဒဏ်သင့်သည့် ဒေသများဖြစ်သည့် မအူပင်နှင့် ညောင်တုန်း ဒေသတို့တွင် စာသင်ကျောင်း ၃ ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း ၃၀၅ ကျောင်း ဆောက်လုပ်ခြင်း လုပ်ငန်းများအား ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်။
![]() |
![]() |
စေတနာအဖွဲ့အနေဖြင့် လက်ရှိစီမံကိန်း စတုတ္ထအဆင့်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၆.၅ သန်းလျာထား၍ စာသင်ကျောင်းဆောက်လုပ်/ပြုပြင်ခြင်းများ ဆောင်ရွက် လျက်ရှိရာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ အထိ အမေရိကန်ဒေါ်လာ ၄.၃ သန်းဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ရပ်စောက်၊ ဖယ်ခုံ၊ ပင်းတယ၊ ရွာငံ၊ လွိုင်လင်၊ နမ့်စန်မြို့နယ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊ သီပေါ၊ နမ့်ဆန်၊ ကျောက်မဲ၊ နောင်ချို မြို့နယ်များနှင့် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်း၊ ဖရူဆို၊ ဘောလခဲ မြို့နယ်များတွင် စာသင်ကျောင်းဆောင်အသစ် ၇၂ ကျောင်း ဆောက်လုပ်ခြင်း နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း/ မြောက်ပိုင်း) တွင် စာသင်ကျောင်း ၃၀ ကျောင်း ပြုပြင်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပြီးစီးပြီး စီမံကိန်းလုပ်ငန်းများအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
![]() |
![]() |

