နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ဘက်စုံဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ စီမံကိန်းအား စီမံကိန်း အဆင့် ၂ ဆင့်ဖြင့် ကျပ်သန်း ၂၃,၉၅၈.၈၆၁ နှင့် အမေရိကန် ဒေါ်လာ ၂၃.၆၂၂ သန်း သုံးစွဲ၍ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် အိမ်ရာဆောက်လုပ်ခြင်း၊ စာသင်ကျောင်း ဆောက်လုပ်ခြင်း၊ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ခြင်း၊ ရေတွင်း တူးဖော်ခြင်း နှင့် Vocational Training Center ဆောက်လုပ်ခြင်းနှင့် Public Information Center ဆောက်လုပ်ခြင်း၊ ရေရရှိရေးလုပ်ငန်း၊ ဆိုလာမီးတပ်ဆင်ခြင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးသင်တန်း ပေးခြင်းလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
![]() |
![]() |
စီမံကိန်း ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ဘက်စုံဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စီမံကိန်းအား ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလထိ ကျပ်သန်း ၅၅,၅၆၃.၇၅၄ သုံးစွဲ၍ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်အတွင်း အိမ်ရာ ၃၁၉၀ လုံး ဆောက်လုပ်ခြင်း၊ စာသင်ကျောင်း ၅၇ ကျောင်း ဆောက်လုပ်ခြင်း၊ ကျေးလက် ဆေးပေးခန်း ၁၆ ခု ဆောက်လုပ်ခြင်း၊ လူထုအကျိုးပြုစင်တာ ၂ခု ဆောက်လုပ်ခြင်း၊ Vocational Training Center ၁ ခု ဆောက်လုပ်ခြင်း၊ ရေတွင်း ၅၈ တွင်း တူးဖော်ခြင်း၊ ဆိုလာမီးတပ်ဆင်ခြင်း ၁ခု၊ စိုက်ပျိုးရေးသင်တန်းပေးခြင်း ၁ခု၊ ရေရရှိရေးလုပ်ငန်း ၁၀ခု အား ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်လည်း ကျန်ရှိသည့် ဆိုလာမီးတပ်ဆင်ခြင်း၊ ရေရရှိရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး သင်တန်းပေးခြင်း လုပ်ငန်းများအား ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
![]() |
![]() |

