
နမ့်စန်မြို့နယ် နားပွဲကျေးရွာအုပ်စုနှင့် ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုတို့ကို ဆက်သွယ် ထားသည့် မြေသားလမ်း ၁၄ မိုင်အနက် ၁၁ မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်လျက်ရှိကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ လမ်းတာချဲ့ခြင်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ပြီးစီးနိုင်ရေး ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ယနေ့ ကွင်းဆင်း စစ်ဆေးကြသည်။ ယင်းလမ်းပိုင်းသည် နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ ပြည်သူ ၁၄၁၈၉ ဦး တို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလက်ရှိကြောင်း သိရသည်။
Post Paragraph
Paragraph Images

