ဇွန်လ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၉၉ ဒသမ ၈၅၀ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ခန္တီး - တိန်းအင်-လက်ပံသာ-မှန်ပင်- ကောင်းမှု - ဖောင်ဆိုင် - ပဒူးမုန်းရွာသစ် ကျေးရွာချင်းဆက်လမ်း ၃၀ မိုင်အနက် ၅ မိုင် မြေသားလမ်း အပြီးသတ်ဖောက်လုပ်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ခေတ္တ ခန္တီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော်နှင့် အဖွဲ့ဝင်များ ယနေ့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အဆိုပါလမ်း ၃၀ မိုင်အား ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေး နှစ်မှ စ၍ ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ယခု ဘဏ္ဍာနှစ်တွင် တိန်းအင် မှ ပဒူးမုန်း ကျေးရွာ အထိ အပြီးသတ် ဖောက်လုပ်ပေးနိုင်ခဲ့သဖြင့် ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၅၂၀ အိမ်၊ လူဦးရေ ၂၅၅၂ ဦး တို့အတွက် သွားလာရေး အဆင်ပြေချောမွေ့လျက် ရှိကြောင်း သိရှိရသည်။