ဧပြီလ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်နိုင်ငံလုံး ပြည်နယ်/ ပြည်မ အကြားအလပ်မရှိ တစ်ပြေးညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ် အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၈၃ ဒသမ ၀၂၆ သန်းဖြင့် ဒီးမော့ဆို မြို့နယ်၊ ခူးပရာ - ကန်ကလုပ် - စနိုက် (ခေါင်းကိင်) ကျေးရွာချင်း ဆက်မြေသားလမ်း ၇ မိုင် ၄ ဖာလုံအနက် ၂ မိုင်ကျောက်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ လမ်းရေရှည်ခိုင်ခံ့စေရန်အတွက် လမ်းတာချဲ့ခြင်း၊ စတက်ဘားခံခြင်း၊ Box Culvert ၄ စင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေးတို့အတွက် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင် နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပြီးစီးပါက ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ၊ အိမ်ခြေ ၄၂၇ အိမ်၊ လူဦးရေ ၂၄၉၄ ဦးတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။