နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

မေလ ၁၂ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ် ၉၁၂ ဒသမ ၈၃၃ သန်းဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင် ခရိုင်အတွင်း ကျောက်လမ်း ၅ မိုင်၊ အမာခံလမ်း ၃ မိုင် ၆ ဖာလုံနှင့် မီးရရှိရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

          လွိုင်လင်ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက်မှ လွိုင်လင် ခရိုင်၊ နမ့်စန်မြို့နယ်အတွင်း ခွင့်ပြုငွေကျပ် ၂၅၄ ဒသမ ၉၁၄ သန်းဖြင့် ဆောင်ရွက် လျက်ရှိသည့် နားရိုင်း - ကုန်းမလမ်းမှ မောက်မယ် - ဆီဆိုင်လမ်းခွဲအထိ ၁၆ မိုင် ၆ ဖာလုံအနက် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း နှင့် မိုင်းကိုင်မြို့နယ်အတွင်း ခွင့်ပြုငွေကျပ် ၈၇ ဒသမ ၉၀၃ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကော့ - ဖောင်းဆိုင်- တုံလော ၃ မိုင် ၆ ဖာလုံ ဗြုန်းခင်းခြင်း လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခဲ့သည်။

          အဆိုပါ လမ်းများဆောင်ရွက်ပြီးစီးပါက နမ့်စန်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်များအတွင်းရှိ ကျေးရွာ ၅၇ ရွာ၊ အိမ်ခြေ ၁၈၃၇ အိမ်၊ လူဦးရေ ၉၆၆၄ ဦးတို့အတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက် လာတော့မည် ဖြစ်၍ ဒေသခံပြည်သူများ ဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း သိရှိရ သည်။