နယ်စပ်ရေးရာဝန်ကြီးဌာနသည် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်များရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သော ကျောက်ချောလမ်း ၄ မိုင်၊ ကတ္တရာလမ်း ၁ မိုင်၊ ကွန်ကရစ် လမ်း ၁ မိုင်၊ ၂၀ ပေ RC တံတား ၁ စင်း၊ Box Culvert ၄ စင်း၊ ကွန်ကရစ် ရေပြွန် ၂ စင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ၂ ခု၊ မြေထိန်းနံရံ ၂ ခု တို့ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၉၃၀ ဒသမ ၄၅၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။