မေလ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၉၂၀ သန်းဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း လမ်း/တံတားလုပ်ငန်း ၅ ခုအား ဆောင်ရွက် ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများအနက်မှ လွယ်ခန်-နောင်ဟန်-နမ့်ရိမ်း ၇ မိုင် လမ်းပေါ်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်ချောလမ်းခင်းခြင်း၊ ၁၅ ပေ ကွန်ကရစ်တံတား ၁ စင်းနှင့် ၅ ပေ Box Culvert ၅ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့အား နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး၊ ဦးအောင်တင်ကျော်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကောင်းခါးကျေးရွာမှတစ်ဆင့် ကွတ်ခိုင် မြို့နယ်၊ သိန္နီ မြို့နယ်၊ မူဆယ်မြို့နယ်များသို့ လွယ်ကူစွာသွားလာနိုင်ပြီး နယ်စပ်ဒေသ များတွင် နေထိုင်သည့် ပြည်သူ များအတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရ ပါသည်။