ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု

စက်တင်ဘာလ      ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသ ကျေးရွာချင်းဆက်လမ်းများ မြို့နယ် ချင်းဆက်လမ်းများ ဖောက်လုပ်ပေးခြင်းဖြင့် နယ်စပ်ဒေသနေ တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ မြင့်မားတိုးတက်လာစေရေး ဦးတည်ဆောင်ရွက်ပေးလျက်ရှိရာ ကွမ်းလုံ မြို့နယ်၊ ဟိုလီ - နမ့်ချင်းဟော် - နမ့်ကျွမ်း - ကော်ထိုက်တန် - တာပေါင်းပေါင်း လမ်း ၂၂ မိုင် ၄ ဖာလုံ အနက် အမာခံလမ်း ၅ မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၁၄၆ ဒသမ ၁ သန်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

          အဆိုပါ အမာခံလမ်းအား အသုံးပြု၍ တောင်ပေါ်ဒေသရှိ တိုင်းရင်းသား သွေးချင်းများ အနေဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့များနှင့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့သို့ ရာသီမရွေးသွားလာနိုင်မည်ဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မြဲကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။