စက်တင်ဘာလ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ညောင်ခြေထောက် - ဥမင် - ပန်းတော - ပါသက် - သရက်ကုန်း - ဘူးတောင်းလမ်းအဝင် လေးသီကျေးရွာအနီး ခေါပုတ် ချောင်းကူး ၁၅၀ နှစ်လွှာတစ်ထပ် ဘေလီတံတားအား နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၄၂ သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ခေါပုတ်ချောင်းကူး နေရာ၌ ယခင်က ဆိုင်ကယ်ကူးတံတားသာရှိ၍ ဒေသခံ ပြည်သူများမှ ခက်ခဲစွာဖြတ်သန်းသွားခဲ့ရပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘေလီတံတား တည်ဆောက် ပေးခဲ့မှုကြောင့် ဗန်းမောက်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိသဖြင့် ဒေသခံပြည်သူများ အနေဖြင့် ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။