နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA ရှမ်းပြည်နယ် (မြောက်ပိုင်း) စီမံကိန်းမှ Chief Advisor ဖြစ်သူ Dr. Minoru Yoshida လာရောက်တွေ့ဆုံ

နေပြည်တော် ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ ၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Chief Advisor ဖြစ်သူ Dr. Minoru Yoshida အား ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိူးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
    ထိုသို့တွေ့ဆုံရာတွင် Chief Advisor ဖြစ်သူ Dr. Minoru Yoshida မှ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း နှင့်စပ်လျဉ်း၍ Mid-Term Evaluation Mission အဖွဲ့ လာရောက်မည့် ခရီးစဉ် အစီအစဉ်၊ ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်မျာ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Post Paragraph