နယ်စပ်ရေးရာဝန်ကြီးဌာနမှ လင်းခေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လင်းခေးမြို့နယ် ဟိုမိန်း-နားမွန်း- နားလုံကျေးရွာသွား လမ်းပေါ်တွင် ပန်သပြေ ပေ ၃၀ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ် ၈၉ ဒသမ ၁၅၂ သန်းဖြင့် ဆောင်ရွက်ပေးခဲ့သည်။ ယင်းလုပ်ငန်းအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ လင်းခေးခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်သည်။ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းကြောင့် ဟိုမိန်းမြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်မှ လူဦးရေ ၃၅၃၂ ဦးနှင့် ဒေသခံကျေးရွာသုံးရွာမှ လူဦးရေ ၉၅၀ ဦးတို့၏ လမ်းပန်းဆက်သွယ်သွားလာမှု ပိုမိုကောင်းမွန်လာပြီး လူနေမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်သဖြင့် ဒေသခံများအနေဖြင့် များစွာဝမ်းမြောက်ပျော်ရွှင်လျက်ရှိသည်။
    ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၄၀/၆ မိုင်၊ အမာခံလမ်း ၃/၂ မိုင်၊ ကျောက်လမ်း ၂၅/၅ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၇/၂ မိုင်၊ ကွန်ကရစ်လမ်း ၂/၃ မိုင်၊ ကွန်ကရစ်တံတား ၁၂ စင်း၊ Box Culvert ၁၅၆ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်းလေးခု၊ ကျောက်စီရေမြောင်းလုပ်ငန်းသုံးခု၊ မြေထိန်း နံရံလုပ်ငန်းတစ်ခု၊ အုတ်ခြံစည်းရိုးကာရံခြင်းတစ်ခု၊ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်းလေးတွင်း၊ တန်ဖိုးနည်းအိမ်ရာတစ်လုံး၊ သာသနာရေးလုပ်ငန်း ၁၇ ခုနှင့် ဦးစီးဌာနလုပ်ငန်းသုံးခုအား စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၂၃၆ ဒသမ ၉၇ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 
 

Post Paragraph