ချီဖွေမြို့နယ်၊ လာနော့-ကန်းဖန့် ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လာနော့-ကန်းဖန့် ကျေးရွာချင်းဆက်လမ်း တစ်မိုင် လေးဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅၀ ဒသမ ၈၈၉ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ချီဖွေမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
    အဆိုပါလမ်း ဆောင်ရွက်ပေးနိုင်မှုကြောင့် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်အတွင်းရှိ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်အကူပြုသည့်အပြင် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝနှင့် ကုန်စည်စီးဆင်းမှုကို များစွာအထောက် အကူပြုလျက်ရှိသည်။
    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေကျပ် ၅၄၈၈ သန်းဖြင့် လမ်း/တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား လုပ်ငန်း၊ သာသနာ‌ရေးလုပ်ငန်းနှင့် တန်ဖိုးနည်းအိမ်ရာတို့ကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

Post Paragraph