နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၂ ဒသမ ၉၈၀ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ခန္တီး- တိန်းအင်- လက်ပံသာ-မှန်ပင်- ကောင်းမှု- ဖောင်ဆိုင်- ပဒူးမုန်း ရွာသစ် မြေသားလမ်းမိုင် ၂၀ ပေါ်၌ ၅ မိုင်အမာခံလမ်းခင်း ခြင်းနှင့် Box Culvert ငါးစင်းတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ လမ်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာ ခြောက်ရွာမှ ဒေသခံပြည်သူများ ခရီးသွားလာမှုလွယ်ကူလျင်မြန်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။