နယ်စပ်ရေးရာဝန်ကြီးဌာနက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသအတွင်း ကုန်းမြင့်လယ်ယာဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ဂဟုန်းကျေးရွာအုပ်စု စံပြကျေးရွာ၌ ကုန်းမြင့်လယ်ယာ ၆၀ ဧက ဖော်ထုတ်ခြင်း လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်သည်။
ကုန်းမြင့်လယ်ယာဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ကျေးလက်နေ ပြည်သူများ၏ ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်ပြီး စိုက်ပျိုးသီးနှံများအား အတည်တကျ စိုက်ပျိုးနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းတို့ကို ကာကွယ်နိုင်ခဲ့သည်။ အဆိုပါ လုပ်ငန်းပြီးစီးမှုကြောင့် ကျေးရွာ ၂ ရွာ၊ အိမ်ခြေ ၈၂ အိမ်၊ လူဦးရေ ၅၇၉ ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို မျာစွာအထောက်အကူပြုလျက်ရှိကြောင်း ဒေသခံ ပြည်သူများထံမှ သိရှိရသည်။
 

Post Paragraph