မူဆယ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်း

မူဆယ်၊ အောက်တိုဘာ ၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မူဆယ်)က ဖွင့်လှစ်သင်ကြားသော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သင်တန်းဆင်း မိန့်ခွန်းပြောကြားပြီး သင်တန်းကျောင်းအုပ်က သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးMအောင်ဂျာက ပေးအပ်သည်။ ယင်းနောက် သင်တန်းထူးချွန်ဆုရရှိသည့် သင်တန်းသူအား ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ချီးမြှင့်သည့် အပ်ချုပ်စက် ၁ စုံကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အဆိုပါ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မူဆယ်)ကို ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ရာ ယခုနှစ်အထိ သင်တန်းသူပေါင်း ၂၅၀၈ ဦး အား သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

Post Paragraph