ရေး၊ အောက်တိုဘာ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ရေး)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး သူရဦးရန်နိုင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ရေးမြို့နယ်(ခေတ္တ) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး သူရ ဦးရန်နိုင်ဦးနှင့် ရေးခရိုင် ရဲတပ်ဖွဲ့မှူး(ယာယီ) ဒုတိယရဲမှူးကြီး ထွန်းထွန်းဦးတို့က ဆုများချီးမြှင့်ပေးပြီး ကျောင်းအုပ် ဒေါ်အိအိဆန်းက သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသူ ၁ ဦးချင်းပေးအပ်သည်။
ထို့နောက် တာဝန်ရှိသူများသည် သင်တန်းသူများချုပ်လုပ်ထားသည့်လက်ရာများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။