နယ်စပ်ရေးရာဝန်ကြီးဌာနရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းများနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

နေပြည်တော်   အောက်တိုဘာ  ၂ 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၄ ကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၉ ကျောင်းတို့၌ ၄-၅-၂၀၂၆ ရက်နေ့မှ ၂-၁၀-၂၀၂၆ ရက်နေ့ထိ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခဲ့ရာ စက်မှုကျောင်းများတွင် ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်းများတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၏ သင်တန်းဆင်းပွဲများ အား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး မုဒုံမြို့အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
အလားတူ သင်တန်းဆင်းပွဲများ ကျင်းပခဲ့သည့် ဘားအံမြို့စက်မှုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး ထားဝယ်မြို့ စက်မှုသင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ အောင်ပန်းမြို့ စက်မှုသင်တန်းကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပုသိမ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် ဧရာတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်၊ လဟယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွန်း၊ ဆိုက်ခေါင် အိမ်တွင်းမှုသင်တန်းကျောင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ကျိုင်းတုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုး၊ မြိုင်ကြီးငူ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ တက်ရောက်ခဲ့ကြပြီး ကျန်သင်တန်း ကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းကျောင်းများတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ သင်တန်းသား/သူ စုစုပေါင်း ၆၆၈ ဦးဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ထိ ရက်သတ္တ ၂၂ ပတ်ကြာ နေထိုင်စားသောက်ရေးနှင့် လက်တွေ့ခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ အခမဲ့ထောက်ပံ့သင်ကြားပေးခဲ့ပြီး သင်တန်းထူးချွန်ဆုရရှိသူများအား အပ်ချုပ်စက် ၁ စုံစီနှင့်် သင်တန်းသား/သူများအတွက် သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးချီးမြှင့်ပေးခဲ့၍ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေးခြင်း၊ အလုပ်အကိုင်ရရှိရေး အတွက် မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများ၊ စက်မှုဇုန်၊ အလုပ်ရုံ၊ စက်ရုံများနှင့် ဟိုတယ်ဇုန်များ တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ စက်မှုကျောင်းများတွင် သင်တန်းသား/သူ ၇၂၁၆ ဦး နှင့် အိမ်တွင်းမှုသင်တန်းကျောင်းများတွင် သင်တန်းသား/သူ ၉၈၆၅၈ ဦး သင်ကြားလေ့ကျင့်မွေးထုတ် ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph