ဗဟိုလေ့ကျင့်ရေးကျောင်းတွင် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၆၈)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၀၁)နှင့် အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ်(၃၂) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက်    
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ၂၀-၁၁-၂၀၁၇ ရက်နေ့မှ ၉-၂-၂၀၁၈ ရက်နေ့ထိ ရက်သတ္တပတ် (၁၂)ပတ်ကြာဖွင့်လှစ် ခဲ့သည့် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၆၈)ကို နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား (၁၀)ဦး၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်တန်း သား/သူ (၁၀)ဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သင်တန်းသား (၉)ဦး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား/သူ (၃၀)ဦး၊ ပေါင်း(၅၉)ဦး၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၀၁)ကို နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်း သား (၁၀)ဦး၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်တန်းသား/သူ (၉)ဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သင်တန်းသား (၁၀)ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား/သူ (၃၀)ဦး၊ ပေါင်း (၅၉)ဦး၊ အဆင့်မြင့်စက်ချုပ် နည်းပြသင်တန်းအမှတ်စဉ်(၃၂)ကို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်တန်းသူ (၂၀)ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၁၃၈)ဦး တက်ရောက်ခဲ့ပါသည်။
    သင်တန်းများဆင်းပွဲအခမ်းအနားကို ၉-၂-၂၀၁၈ ရက်နေ့ (၀၉:၀၀) နာရီတွင် သင်တန်းကျောင်းခန်းမ၌ပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(အဆင့်မြင့်) ဦးအောင်ကျော် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းအလိုက် စံပြထူးချွန်ဆုရရှိသူ သင်တန်းသူ (၃)ဦးနှင့် စာပေထူးချွန်ဆု ရရှိသူ သင်တန်းသား (၂)ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
    အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်းသင်တန်းသား/သူများအပါအဝင် စုစုပေါင်းအင်အား (၂၀၂) ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

 

Post Paragraph