မိုင်းရယ်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ စစ်ဆေး

မိုင်းရယ် မေ ၈

            မိုင်းရယ်မြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွဋ်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

            ထို့သို့စစ်ဆေးရာတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ ဦးစီးအရာရှိ ဦးမိုင်းမြတ်အောင်နှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးလျံခေါမ်ခွာတို့က မိုင်းရယ်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လွယ်ငင်း-မန်ကျောင်း (ပန်ရှင်) လမ်း (၈/၀) မိုင်အနက် (၇/၀) မိုင် ကျောက်ခင်းခြင်း ပြီးစီးမှု၊ ကျန်ရှိသည့် (၁/၀) မိုင်အပြီးသတ် ကျောက်ခင်းခြင်းနှင့် ပေ ၂၀ သံပေါင်ဘေလီတံတားတစ်ထပ် တစ်စင်းဆောက်လုပ်ခြင်းကို စစ်ဆေးသည်။

            ထို့ပြင် ကုန်းညု-ပါကမ်းလမ်း (၈/၀) မိုင်အနက် (၆/၀) မိုင် ကျောက်ခင်းခြင်း ပြီးစီးမှု၊ ကျန်ရှိသည့် (၂/၀) မိုင် အပြီးသတ်ကျောက်ခင်းခြင်းနှင့် ယင်းလမ်းပေါ်ရှိ ၅x၅x၂၆ ပေ Box Culvert နှစ်စင်း တည်ဆောက်ခြင်းများ လုပ်ငန်းပြီးစီးမှု၊ အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီစွာ ဆောင်ရွက်ထားမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။