အောက်တိုဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ဘောလခဲခရိုင်ရှိ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် မြေလမ်း(၉)မိုင်(၂)ဖာလုံ ဖောက်လုပ်ခြင်း၊ ဗြုန်းကျောက်(၄)မိုင်ခင်းခြင်း၊ ကတ္တရာလမ်း(၁)ဖာလုံခင်းခြင်း၊ ကွန်ကရစ်တံတား (၅၀)ပေ(၁)စင်း၊ (၃၀)ပေ(၂)စင်း၊ (၂၀)ပေ (၄)စင်း၊ (၁၀)ပေ (၂)စင်း၊ ဘေလီတံတား (၄၀)ပေ(၃)စင်း၊ (၃၀)ပေ (၂)စင်း၊ (၂၀)ပေ (၁)စင်း၊ ရေကျော်(၂)ခု၊ Box Culvert (၂၈)စင်း၊ ရေပြွန်(၁)ခု တည်ဆောက်ခြင်း၊ (၃)ဖာလုံ (၅၂၀)ပေ ကျောက်တောင်မိုင်းခွဲခြင်း၊ ဘောလခဲခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူးနေအိမ် ဆောက်လုပ်ခြင်းနှင့် ခြံစည်းရိုးဂိတ်တံခါး ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ခွင့်ပြုငွေကျပ် ၁၇၂၅ ဒဿမ ၂၈၆ သန်းဖြင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူလူထုများအတွက် ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး ကျေးလက်နှင့်မြို့ပြ လူမှုစီးပွားဘဝများ ကွာဟမှုကို လျော့ချစေနိုင်ခဲ့သည့်အပြင် ယခင်လမ်းမပေါက်သေးမီ နယ်စပ်အစွန်အဖျားမြို့နယ်ဖြစ်သည့် မယ်စဲ့မြို့နယ်အတွင်း ဆက်သွယ်သွားလာမှု (၁)ညအိပ်ခရီးသွားလာခဲ့ရာမှ လမ်းတံတားဖောက်လုပ် ပြီးစီးချိန်တွင် နေ့ချင်းပြန် သွားလာနိုင်ပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများထံမှ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် တာဝန်ယူဆောင်ရွက်ပေးခဲ့သော ကုမ္ပဏီများအား အထူးကျေးဇူးတင်ရှိ နေကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်များအရ ကြားသိနေရကြောင်း သိရှိရပါသည်။