မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

အောက်တိုဘာ ၁၂

     နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော အစွန်အဖျားဖြစ်သော မယ်စဲ့မြို့နယ်ကို  အခြားမြို့နယ်များနည်းတူ  ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးမှုကွာဟချက်နည်းစေရန်  နယ်စပ်ဒေသဖွံ့ဖြိုးရေး    လုပ်ငန်းများကို   (၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့သော   ကုမ္ပဏီများမှ    ခွင့်ပြုငွေကျပ် ၉၃၈ ဒဿမ ၇၇၃ သန်းဖြင့် ဟိုဂျစ်-ဟိုဖ-လယ်တောလမ်းပေါ်တွင် (၃)မိုင် (၆)ဖာလုံ မြေလမ်းဖောက်လုပ်ခြင်း၊ (၄)မိုင် ဗြုန်းကျောက်ခင်းခြင်း၊ ကွန်ကရစ်/ ဘေလီ တံတား(၉)စင်း တည်ဆောက်ခြင်း၊ Box Culvert (၁၅)စင်း တည်ဆောက်ခြင်း၊ (၅၂၀)ပေ ကျောက်တောင်မိုင်းခွဲခြင်း၊ ပေ(၁၃၂၀) ချောင်းရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ကြောင်း၊ ၎င်းအပြင် ခွင့်ပြုငွေကျပ် ၅၃၆ ဒဿမ ၅၆၆ သန်းဖြင့် ဟိုဂျစ်-တောင်လှ လမ်းပေါ်တွင် (၅)မိုင် (၄)ဖာလုံ မြေလမ်းဖောက်လုပ်ခြင်း၊ ကွန်ကရစ်/ဘေလီတံတား(၇)စင်း တည်ဆောက်ခြင်း၊ Box Culvert (၁၀)စင်း တည်ဆောက်ခြင်း၊ (၃)ဖာလုံ ကျောက်တောင် မိုင်းခွဲခြင်းနှင့် ခွင့်ပြုငွေကျပ် ၂၄ ဒဿမ ၁၅၃ သန်းဖြင့် မယ်စဲ့မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး သွားလမ်း (၁)ဖာလုံ ကတ္တရာခင်းခြင်း ၎င်းလမ်းပေါ်တွင် Pipe Culvert (၁)စင်း တည်ဆောက် ခြင်းလုပ်ငန်းတို့အား စုစုပေါင်းရန်ပုံငွေကျပ် ၁၄၉၉ ဒဿမ ၄၉၂ သန်းဖြင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ယခင်လမ်း မပေါက်သေးမီက မယ်စဲ့မြို့နယ်နှင့် ဆက်သွယ်သွားလာနိုင်ရန် (၁)ညအိပ်ခရီး သွားလာခဲ့ရာမှ ယခု လမ်း/တံတားဖောက်လုပ် ပြီးစီးချိန်တွင် နေ့ချင်းပြန်သွားလာနိုင်သည့်အတွက် ဒေသခံပြည်သူများမှ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် တာဝန်ယူဆောင်ရွက် ပေးခဲ့သော ကုမ္ပဏီများအား အထူးကျေးဇူးတင်ရှိနေကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက် များအရ ကြားသိရကြောင်း သိရှိရပါသည်။

Post Paragraph