နာဂဒေသ၊ လဟယ်မြို့နယ်‌အတွင်းရှိ တောင်တန်းသာသနာပြုကျောင်း(၄)ကျောင်းတည်ဆောက်ရန် ထောက်ပံ့ငွေများပေးအပ်

လဟယ် အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့နယ်အတွင်းရှိ တောင်တန်းသာသနာပြုဘုန်းတော်ကြီးကျောင်း(၄)ကျောင်းအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်‌ထောက်ပံ့ရန်ပုံငွေဖြင့် ဘုန်တော်ကြီးကျောင်း တည်ဆောက်ရန်တစ်ကျောင်းလျှင် ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)နှုန်း(၄)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်းသိန်း(၄၀၀)တိတိကို ယမန်နေ့က လဟယ်မြို့တောင်တန်းသာသနာပြု ဗဟိုကျောင်း တော်၌ထောက်ပံ့ပေးခဲ့ကြောင်းသိရပါသည်။

     အဆိုပါထောက်ပံ့ငွေသည် နာဂဒေသလဟယ်မြို့နယ်အတွင်းရှိ တောင်တန်းသာသနာပြုကျောင်းများဖြစ်သော လွန်းထောင်းကျေးရွာ ၊ယွန်တိုင်းကျေးရွာ၊ မွန်တုံးညိုကျေးရွာနှင့်ဆော်လော်နောက်ကုန်းကျေးရွာတို့တွင် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းဆောက်လုပ်နိုင်ရန် တစ်ကျေင်းလျှင် ထောက်ပံ့ငွေကျပ် သိန်း(၁၀၀) နှုန်းဖြင့် ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့လှူဒါန်းငွေကို ခေတ္တနာဂဒေသဖွံ့ ဖြိုးမှုကြီးကြပ်ရေးမှူးရုံး(လဟယ်)မှ ဒုတိယညွန်ကြားရေးမှူးဦးရဲမင်းနှင့် လဟယ်မြို့နယ်သာသနာရေးဦးစီးမှူး ဦးလှဝင်းတို့က လဟယ်မြို့နယ်တောင်တန်းသာသနာပြုဗဟိုဆရာတော် ဘဒ္ဒန္တအရှင်သုမနထံဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ရှားဆက်(ပြန်/ဆက်)