အောက်တိုဘာ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၂၀၉ ဒသမ ၄ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၁၂၀ x ၃၀ x ၁၂) ပေ (ရေ၊ မီး၊ မိလ္လာအပါ) အာရ်စီနှစ်ထပ် ကျောင်းဆောင်သစ်ကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ သည်။
ယင်းကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အင်ဒိုင်းကြီးကျေးရွာ၊ အင်ဒိုင်းလေးကျေးရွာ၊ ကျီကုန်းကျေးရွာ၊ နတ်ကြီးကုန်းကျေးရွာ၊ မော်လိုက်ကလေး(တောင်/မြောက်ကျေးရွာ)၊ နန်းစောင်းပုကျေးရွာ၊ ကျောက္ကာကျေးရွာ၊ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်(၁၀)၊ ခြေမြန်တပ်ရင်း (၃၆၁/ ၃၆၂/၃၆၃)၊ အင်ဂျင်နီယာတပ်ခွဲ (BE) ခွဲ၊ အင်ဂျင်နီယာတပ်ရင်း (၉၁၆)၊ ဆေးတပ်ခွဲ၊ အမှတ်(၆)ဆက်သွယ်ရေး တပ်ရင်းတပ်ထိန်း(၇)နှင့် အကျဉ်းဦးစီး (မော်လိုက်/ကလေး) တို့မှ ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားရေးအတွက် များစွာ အထောက်အကူပြုကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ငွေကြယ်