နေပြည်တော် မေ ၁၉ ရက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား The Lutheran World Federation မှ ဒေသဌာနေကိုယ်စားလှယ် Mr. David H. Mueller သည် ယနေ့နံနက် (၉:၃၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ယင်းသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် The Lutheran World Federation တို့ ပူးပေါင်း၍ ကရင်ပြည်နယ်အတွင်း စီမံကိန်းဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား The Lutheran World Federation မှ ဒေသဌာနေကိုယ်စားလှယ် Mr. David H. Mueller လာရောက်တွေ့ဆုံ
Post Paragraph
Paragraph Images