နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် နမ့်ခမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

အောက်တိုဘာ ၈

              နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေအတွင်းရှိ နမ့်ခမ်း မြို့နယ်အတွင်း “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများအမြန်ဖွံ့ဖြိုးတိုးတက်ရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြေသားလမ်း( ၃ / ၆ )မိုင်၊ ကျောက် ချောလမ်း( ၇ / ၆ )မိုင်၊ ( ၂၂ )ပေ ကွန်ကရစ်တံတား( ၁ )စင်း၊ Box Culvert ( ၁၄ )စင်းနှင့် ကွန်ကရစ် ရေပြွန်( ၂ )ခုတို့အား နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေ ( ၁၃၂၅ . ၂၉၇ )ကျပ်သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ပါသည်။

              အဆိုပါ လုပ်ငန်းများအနက် ပန်ခါး(လီရှော) - ပန်ဆေးလမ်း ( ၁၆ / ၆ )မိုင်အနက် (၁၃/၀) မိုင် ကျောက်ခင်းပြီး ကျန်( ၃/ ၆ )မိုင် (အပြီးသတ်)ကျောက်ခင်းခြင်း အဆိုပါလမ်းပေါ်ရှိ (၅ × ၅ × ၂၆) ပေBox Culvert( ၄ )စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်။

              ယင်းကျေးရွာချင်းဆက် လမ်း၊ တံတား၊ Box Culvertနှင့် ကွန်ကရစ်ရေပြွန်များ တည်ဆောက် ပေးခြင်းဖြင့် အဆိုပါ ပန်ခါး(လီရှော)ကျေးရွာနှင့် ပန်ဆေးကျေးရွာများ၏ ဒေသခံပြည်သူလူထုများမှာ နမ့်ခမ်းမြို့သို့ အချိန်တိုအတွင်း လွယ်ကူစွာ သွားလာနိုင်ပြီး နယ်စပ်ဒေသများတွင် နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝများစွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။

Post Paragraph