နယ်စပ်ဒေသဖွံ့ဖြိုးရေး (တိုင်းဒေသကြီး) ရန်ပုံငွေဖြင့် ခန္တီးမြို့နယ်တွင် ပညာရေးဝန်ထမ်းအိမ်ရာ ဆောင်ရွက်ပြီးစီး

ခန္တီး အောက်တိုဘာ ၉

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး(တိုင်းဒေသကြီး) ခွင့်ပြုရန်ပုံငွေကျပ် ၅၀ ဒဿမ ၃၅၂ သန်းဖြင့် ခန္တီးမြို့နယ် ပင်ထောင်လောင်ဆောက်ကျေးရွာ ပညာရေးဝန်ထမ်းအိမ်ရာ (၅၂ ×၃၆× ၁၂ ပေ) RC နှစ်ခန်းတွဲ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်မီခြင်းရှိ မရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော်နှင့် လုပ်ငန်းဆောင်ရွက်ခဲ့သည့် တာဝန်ခံတို့သွားရောက်ကာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)