နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

လောက်ကိုင်၊ ဒေသဖွံ့ဖြိုးရေး
    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက်တွင် ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူ များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၉၈ ဒသမ ၃၆၃ သန်းဖြင့် ဆောင်ရွက်သည့် တောက်ရွှေ-ရှူကိန်းရွှေ-အာလာဗြဲ-တာချင်စူးမြေသားလမ်း ၁၀/၀ မိုင်အနက် ၂/၀ မိုင် ကျောက်ချောလမ်းခင်းခြင်း၊  Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို စစ်ဆေးသည်။
    အဆိုပါ တောက်ရွှေ-ရှူကိန်းရွှေ-အာလာဗြဲ-တာချင်စူးလမ်းသည် လောက်ကိုင်မြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့ကို ဆက်သွယ်ထားသည့်ဒေသတွင်း အရေးပါသော လမ်းတစ်လမ်း ဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကွမ်းလုံမြို့၊ လားရှိုးမြို့တို့သို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph