ဓနု၊ ဒေသဖွံ့ဖြိုးရေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါအဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး ထံမှ သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၇၀၆ ဒသမ ၅၈၅ သန်းဖြင့် မြေလမ်း ၃/၄ မိုင်၊ ကျောက်လမ်း ၈/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁၁/၄ မိုင်၊ Box Culvert ၂၂ စင်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းသုံးခု၊ မီးလင်းရေးလုပ်ငန်းတစ်ခု၊ မြေထိန်းနံရံတစ်ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများအားလုံးရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။