ကျောက်ဖြူ အောက်တိုဘာ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် ကျောက်ဖြူ မြို့နယ်အတွင်း မြေသားလမ်း (၂/ဝ)မိုင်၊ ဒီရေတောမြေဖို့ခြင်းလုပ်ငန်း (ဝ/၆) မိုင်၊ ကျောက်ချောလမ်း (၄/၁) မိုင်၊ ၂၅ ပေ ကွန်ကရစ်တံတား တစ်စင်း၊ ရေထုတ်ပြွန်တံတား ရှစ်စင်း၊ ပိုက်ပြွန်တံတားလေးခုနှင့် ဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်း နှစ်ခုတို့အား ခွင့်ပြုငွေကျပ် ၁ဝ၅၉ ဒသမ ၆၇၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများအနက် မင်းချောင်းကျေးရွာအုပ်စု မင်းချောင်း-အလံချိန်လမ်း (၈/ဝ)မိုင် အနက် (၂/၁)မိုင်ကျောက်ခင်းခြင်း၊ ယင်းလမ်းပေါ်ရှိ ၂၅ ပေ ကွန်ကရစ်တံတား တစ်စင်း၊ ရေထုတ်ပြွန်တံတား နှစ်စင်းလုပ်ငန်းတို့မှာ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအားလုံး သတ်မှတ်စံချိန် စံညွှန်းများအတိုင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
ယင်းကျေးရွာချင်းဆက်လမ်း၊ တံတားနှင့် ရေထုတ်ပြွန်တံတားများ တည်ဆောက်ပေးခြင်းဖြင့် အဆိုပါ မြို့ချောင်းကျွန်းပေါ်တွင်ရှိသည့် ကျေးရွာများ၏ ဒေသခံပြည်သူလူထုများမှာ ကျောက်ဖြူမြို့သို့ လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ပြီး နယ်စပ်ဒေသ များတွင် နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝများစွာ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်