နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ပင်လည်ဘူးမြို့နယ်တွင် လမ်းအရှည်ပေ ၇၅၇၀ ကို ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပြီးစီး

နေပြည်တော် အောက်တိုဘာ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၄၀ ဒသမ ၄၈၉ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လည်ဘူးမြို့ မြို့မရပ်ကွက်(တိုးချဲ့လယ်ပြင်ရပ်ကွက်)တွင် အမှတ်(D) လမ်း ပေ ၁၄၃၀၊ အမှတ်(E)လမ်း ပေ ၁၄၃၀ ၊ အမှတ်(F)လမ်း ပေ ၁၄၃၀၊ အမှတ်(G) လမ်း ပေ ၁၄၃၀၊ အမှတ်(၂)လမ်း ပေ ၅၅၀ နှင့် အမှတ်(၅) လမ်း ပေ ၁၃၀၀၊ စုစုပေါင်း လမ်းအရှည်ပေ ၇၅၇၀ ကို ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီးဖြစ်သဖြင့် ဒေသခံပြည်သူများ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

ဂျိုင်းလော(သတင်းစဉ်)