နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌လူငယ်ရေးရာ အသိပေးဟောပြောပွဲကျင်းပ

သထုံ ဩဂုတ် ၃
   မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်အသိပညာဟောပြောခြင်း၊ စာအုပ် စာစောင်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယနေ့နံနက်ပိုင်းက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။    
   ဦးစွာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်စေရေး၊ အသိပညာ၊ အတတ်ပညာ များအပြင်ဘဝတိုးတက်ရေးအတွက် ပြင်ပစာပေဗဟုသုတများလေ့လာကြရေး၊ စာဖတ်ခြင်းဖြင့်အသိ ပညာမြင့်မားပြီးဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့အနာဂတ်ဘဝပိုမိုမြင့်မားလာရေး၊ စိတ်ဓာတ်စည်းကမ်း ကောင်းပြီးရိုးသားကြိုးစား၊ မေတ္တာတရားဖြင့် ညှာတာထောက်ထားတက်သူများဖြစ်စေရေး၊ အကျင့် စာရိတ္တကောင်းမွန်ပြီး နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရေးစသည့် လူငယ်များဘက်စုံ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောသည်။
 

Post Paragraph