နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ဂျာမနီနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) ရုံးချုပ်မှ External Consultant Ms. Birgit Kundermann လာရောက်တွေ့

နေပြည်တော်၊ ၂၀၁၆ မေ ၆
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်အား ဂျာမနီနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) ရုံးချုပ်မှ External Consultant Ms. Birgit Kundermann သည် ယနေ့နံနက် (၁၀)နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ဂျာမနီနိုင်ငံဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) မှ ဂျာမနီနိုင်ငံအစိုးရ၏ ထည့်၀င်ငွေ ယူရို (၄.၉) သန်းဖြင့် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်သွားမည့် စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှုရှိစေရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့မှုအခြေအနေနှင့် တွေ့ရှိချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post Paragraph