နယ်စပ်ရေးရာ၀န်ကြီးဌာနက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် စက်တင်ဘာ ၁၄
          နယ်စပ်ရေးရာဝန်ကြီးဌာနက ပဲခူးတိုင်းဒေသကြီးနှင့် ဆွာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
    ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦး၀င်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်က ထောက်ပံ့ငွေများပေးအပ်ရာ ၀န်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
    နယ်စပ်ရေးရာ၀န်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် ငွေကျပ် (၃၀,၀၀၀,၀၀ဝိ/-) နှင့် ဆွာရေဘေးသင့် ပြည်သူများအတွက် ငွေကျပ် (၂၀,၀၀၀,၀၀ဝိ/-) ငွေကျပ် (၅၀,၀၀၀,၀၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။