နယ်စပ်ရေးရာဝန်ကြီးဌာန၊ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော် ဇွန်လ ၂၆ 
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် နယ်စပ်ဒေသနှင့်ကျေးလက်မြို့ပြနေ အမျိုးသမီးငယ်လေးများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး သင်တန်းဖြစ်သော ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၂၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၆-၆-၂၀၂၃ ရက်၊ တနင်္လာနေ့၊  နံနက် ၀၉:၀၀ နာရီအချိန်တွင် သင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထိန်လင်းတက်ရောက်၍ သင်တန်းဖွင့်ပွဲမိန့်ခွန်းပြောကြားပြီး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထည်ချုပ်စက်ရုံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူများ စုစုပေါင်းအင်အား ၁၀၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။
    အဆိုပါသင်တန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အသီးသီးမှ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းများ တက်ရောက်အောင်မြင်ပြီးသည့် တိုင်းရင်းသူအမျိုးသမီးငယ်များအား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ပြီး ၂၆-၆-၂၀၂၃ ရက်နေ့မှ ၂၁-၇-၂၀၂၃ ရက်နေ့အထိ ရက်သတ္တ ၄ ပတ်ကြာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph