နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီလ  ၈    ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် တာဝန်ရှိသူများနှင့် အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ဟဲဟိုးမြို့သို့ ထွက်ခွာခဲ့ပြီး၊ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဟိုပုံးမြို့ မဲနယ်တောင် ဒေသအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆိုက်ခေါင်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်၍ အိမ်တွင်းမှုကျောင်းဝင်း အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေး လုပ်ငန်းများအား သက်ဆိုင်ရာကုမ္ပဏီများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေးမှာကြားခဲ့ပြီး ဆက်လက်၍ အိပ်ဆောင်များ၊စားရိပ်သာနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ဆက်လက်၍ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ်ဦးစီးမှူး၏ ရှင်းလင်းတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး ထွက်ခွာခဲ့ရာ တောင်ကြီးမြို့၊ အေးသာယာရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်နယ်ညွှန်ကြားရေးမှူးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်ပြီး စွယ်တော်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဆွမ်းဆန်တော် နှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး၊ အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် တက်ရောက်လျက်ရှိသော သင်တန်းသားများနှင့်ဝန်ထမ်းများတွေ့ဆုံ၍ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဟိုတယ်သင်တန်းသားများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး သင်တန်းကျောင်းတွင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်အတွင်းရှိ အမှတ်(၈)ရပ်ကွက် နှီးဘုရား လမ်းခွဲမှ ရွှေမင်းဖုန်းကျေးရွာအုပ်စု-တောင်ပဲ့ကျေးရွာသွားလမ်း ခင်းကျင်းနေမှုနှင့် နန်းသဲ-တောင်လား-တောင်ကွဲ-နန်းတိုင်းသွားလမ်းခင်းကျင်းနေမှု လုပ်ငန်းခွင်များသို့ ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည် အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph
video-upload