နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပခုက္ကူ) ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၆ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း (ပခုက္ကူ)တွင်   ဧည့်ကြိုသင်တန်း (Front  office Operation  Course)၊ အိပ်ခန်းဆောင်သင်တန်း (Housekeeping Operation Course)၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း (Food and Beverage Service) များ သင်တန်းအမှတ်စဉ်(၂)ဆင်းပွဲ၊ သင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲနှင့် အခြေခံ အိမ်တွင်း သင်တန်း အမှတ်စဉ်   (၃၉/၂၀၁၈)၊ အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်စဉ်(၃၆/၂၀၁၈) ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များနှင့် သင်တန်းသား/သူများ တက်ရောက်ကြ ပါသည်။
      ရှေးဦးစွာ  ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုတယ်သင်တန်း ဆင်းသူများအား အောင်လက်မှတ် ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းဝန်းအတွင်းရှိ စားရိပ်သာ၊  စားဖိုဆောင်၊  အိပ်ဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။
     နယ်စပ်ရေးရာဝန်ကြီးဌာနသည်    နယ်စပ်ဒေသအပါအဝင်  အလုပ်အကိုင် အခွင့်အလမ်းနည်း ပါးသော ဒေသများမှ တိုင်းရင်းသား၊  တိုင်းရင်းသူများကို အသက်မွေးဝမ်းကြောင်းပညာများ သင်ကြား ပေးပြီး အလုပ်အကိုင်  အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိရာ ထပ်မံတိုးချဲ့ဖွင့်လှစ်သော ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများမှ  သင်တန်းဆင်း (၃၀၀) ဦး တို့အား အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် ယနေ့ ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများတွင် သင်တန်းသား/ သင်တန်းသူ(၇၅)ဦး၊ အခြေခံစက်ချုပ်သင် စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၆၀)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းတွင် သင်တန်းသူ  (၄၀) ဦး စုစုပေါင်း  သင်တန်းသား/ သင်တန်းသူ  (၁၇၅) ဦး  ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။