နေပြည်တော် ဇူလိုင် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများလိုက် ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇေယျာအောင်မြေလမ်းနှင့် လှရွှေစင်လမ်းထောင့် (NRPCရုံးအနီး)တွင် တည်ဆောက်လျက်ရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ 6U 4S (3-BED) အဆောက်အဦအသစ် (၁)လုံး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးမှ အဆောက်အဦအား သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းပြည့်မှီစွာဖြင့် အချိန်မီပြီးစီးအောင် စေတနာထား ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပြီး အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဝန်ထမ်းအိမ်ရာဝန်းကျင်တွင် အရိပ်ရလေကာ ပင်များ၊ နှစ်ရှည်သီးနှံပင်များကိုလည်း ကြိုတင်စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။