
နေပြည်တော် ဇူလိုင် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက်(၀၈:၃၀) နာရီတွင် ဝန်ကြီးဌာနရုံးပတ်ဝန်းကျင်နှင့် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ ဆောက်လုပ်ဆဲ ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်တို့၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့က မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုး ပေးပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ မဟော်ဂနီပင်၊ ကံ့ကော်ပင်နှင့် ခရေပင် စုစုပေါင်း (၈၅၀)ပင်ကို စိုက်ပျိုးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချူပ် တို့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်း ယခင်နှစ် မိုးရာသီအထိ စုပေါင်းစိုက်ပျိုး ခဲ့သော ပိတောက် (၅၀)ပင်၊ သပြေ (၅၀)ပင်၊ ကျွန်း (၅၁၆)ပင်၊ ပျဉ်းကတိုး (၄၇၅)ပင်၊ မဟော်ဂနီ (၂၇၅)ပင်၊ ကံ့ကော်(၉၅)ပင်၊ ငုချယ်ရီ(၅၅)ပင် စုစုပေါင်း ရတနာတန်းဝင် သစ်ပင်(၁၅၁၆)ပင် တို့၏ ရှင်သန်ဖြစ်ထွန်းမှုကို လှည့်လည်ကြည့်ရှု့ကြောင်း သိရှိရပါသည်။


