နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှု ပညာသင်တန်း ကျောင်းများ၌ သင်တန်းဖွင့်ပွဲများကျင်းပ

နေပြည်တော်   မေ   ၁၆    
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၄ ကျောင်းတို့၌ ဆောက်လုပ် ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်း ပြင်သင်တန်းဖွင့်ပွဲများအား ယနေ့ နံနက်ပိုင်းတွင်  အဆိုပါသင်တန်း ကျောင်းများ၌ ကျင်းပဆောင် ရွက်ခဲ့ရာ ဘားအံမြို့သင်တန်းကျောင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လည်း ကောင်း၊ အောင်ပန်းမြို့သင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လည်းကောင်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လည်းကောင်း ၊ ပုဏ္ဏားကျွန်းမြို့သင်တန်းကျောင်းတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်က လည်းကောင်း အသီးသီးတက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ 
    ယခု ဖွင့်လှစ်သည့် သင်တန်းကျောင်းများတွင် ဆောက်လုပ်ရေးသင်တန်းသား ၃၅ ဦး ၊ လျှပ်စစ် သင်တန်းသား ၄၇ ဦး၊ ဂဟေသင်တန်းသား ၄၇ ဦး၊ မော်တော်ယာဉ်စက်ပြင်သင်တန်းသား ၆၅ ဦးနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းသား ၁၆ ဦး ၊ စုစုပေါင်း ၂၁၀ ဦးဖြင့် ၁၆-၅-၂၀၂၂ရက်နေ့မှ       ၁၄-၁၀-၂၀၂၂ရက်နေ့အထိ ရက်သတ္တ ၂၂ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသားများ နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများအား အခမဲ့ထောက်ပံ့ သင်ကြားပေးသွားမည် ဖြစ်ပါသည်။    
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာ ရေးနှစ် တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသား စုစုပေါင်း ၅၆၈၄ ဦး အား သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျောင်းဆင်း   သင်တန်းသား ၃၆၁၁ ဦးအား အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph