နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း (၃/၂၀၁၇) သြဝါဒခံယူခြင်း ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ၂၂-၁၁-၂၀၁၇ ရက်နေ့ ညနေ ၃ နာရီတွင် ဝန်ကြီးဌာနစုပေါင်း အစည်းအဝေးခန်းမ၌ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများမှ ကျောင်းအုပ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၃/၂၀၁၇) သင်တန်းသို့ တက်ရောက်လျက်ရှိသော ကျောင်းအုပ် (၄၁) ဦးအားလမ်းညွှန်သြဝါဒ အမှာစကား ပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ကျောင်းအုပ်များအား မိမိတို့ သင်တန်းကျောင်း၏ ရေ၊ မီး၊ လမ်း၊ အဆောက်အဦလိုအပ်ချက်၊ ပတ်ဝန်းကျင်အနေအထား၊ သင်တန်းသူနှင့် ပတ်သက်သည့် အကြံပြုချက်၊ သင်ကြားမှုအခက်အခဲ၊ သင်တန်းကျောင်း၏ ပြည့်စုံအောင်မြင်မှု အတိုင်းအတာများကို အကြံပြုစေလိုကြောင်း ပြောကြားပါသဖြင့် ကျောင်းအုပ်များက ပြန်လည်တင်ပြ ခဲ့ကြပါသည်။
    အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်သည့် ကျောင်းအုပ် (၄၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph